စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

       (၉.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)သည် ဒေါပုံမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်၊ စားသုံးဆီလက်လီ/ ကားရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့်စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့်သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာရောင်းချပေးရန်၊  အရေအတွက် အချင်အတွယ်မှန်ကန် စွာရောင်းချပေးရန်၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)