စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီ လက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) သည်(၁၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်၊ စားသုံးဆီလက်လီ/ ကားရောင်းချသည့် လုပ်ငန်းရှင်များအား ပြည်သူသို့ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာရောင်းချရန်အရေအတွက် အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရေး ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)