၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

  ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၆  ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏ တင်ပြချက်အရ သိရပါသည်။ စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်သည် ငရုတ်ကောင်းတန်ချိန် ၂၀၄၈၇ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၃၆.၃သန်း ရရှိခဲ့ ကြောင်း သိရပါသည်။ စက်တင်ဘာလတွင် ငရုတ်ကောင်းအနက်မှာပျမ်းမျှတစ်တန်လျှင် ၆၄၉၀ အမေရိကန်ဒေါ်လာ( ဩဂုတ်လထက် ၂.၄ ရာခိုင်နှုန်းမြင့်တက်)ခဲ့ပြီး ငရုတ်ကောင်းအဖြူမှာ တစ်တန်လျှင် ၈၆၇၉ အမေရိကန်ဒေါ်လာ(ဩဂုတ်လထက် ၁.၄ ရာခိုင်နှုန်းမြင့်တက်)ခဲ့သည့် အတွက် တင်ပို့သည့်ဈေးနှုန်းများဆက်လက်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့် ၃ လ ပတ်ကာလတွင် အမေရိကန်သည် ဗီယက်နမ်ထံမှ ငရုတ်ကောင်းတန်ချိန် ၃၉၉၇၉ တန်တင်သွင်း ခဲ့ပြီး အကြီးမားဆုံးတင်သွင်းသူဖြစ်ခဲ့ကာ စုစုပေါင်းဈေးကွက်ဝေစု၏ ၂၁.၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ သို့သော်ထိုဈေးကွက်သို့တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၀.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့တင်ပို့မှုမှာ တန်ချိန် ၁၅၃၅၃ တန် ဖြင့် ၇၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယူအေအီးသို့တင်ပို့မှုမှာ ၁၂.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနှင့် ဥရောပဈေးကွက်သို့တင်ပို့မှုမှာလည်း စံချိန်တင်တည်ငြိမ်စွာကြီးထွား လျှက်ရှိကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ပြုပြင်ထုတ်လုပ်တင်ပို့ရန် အတွက် အမေရိကန်ဒေါ်လာ ၂၂၅.၇ သန်းတန်ကြေးရှိသော ငရုတ်ကောင်းတန်ချိန် ၃၆၁၁၂ တန် တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဘရာဇီးမှာ တန်ချိန် ၁၇၈၃၅ တန်ဖြင့် အကြီးမားဆုံးရောင်းချသူ ဖြစ်ပြီး ၎င်း၏နောက်တွင် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့ရပ်တည်နေကြောင်း သိရပါသည်။ ငရုတ်ကောင်းအပြင်သစ်ကြမ်းပိုးခေါက်တင်ပို့မှုမှာလည်း တောက်ပလျှက်ရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၉ လတာကာလတွင် ဗီယက်နမ်သည် သစ်ကြမ်းပိုးခေါက်တန်ချိန် ၉၀၄၇၈ တန် တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၂၈.၃ သန်းရရှိခဲ့ကြောင်း သိရပါသည်။ အိန္ဒိယကတန်ချိန် ၃၅၃၂၉ တန်ဖြင့်အကြီးမားဆုံးတင်သွင်းသူဖြစ်ပြီး ၎င်း၏နောက်တွင် အမေရိကန်ကတန်ချိန် ၁၀၀၀၀ နီးပါးနှင့် ဘင်္ဂလားဒေ့ရှ်ကတန်ချိန် ၆၆၁၅ တန်ဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ အဓိကဈေးကွက်များတွင်ကြီးထွားမှုတည်ငြိမ်နေခြင်းက ဟင်းခတ်အမွှေးအကြိုင်များ၏ ယှဉ်ပြိုင် နိုင်စွမ်းအားကောင်းမှုကို ပြသနေကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)