
၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာကာလတွင် ဗီယက်နမ်နိုင်ငံ၏စီးပွားရေးသည် ၇.၈၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော်စာရင်းအင်းရုံး (NSO) ၏ အဆိုအရသိရပါသည်။ အောက်တိုဘာလ ၆ ရက်နေ့က ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည် သတင်းစာရှင်းလင်းပွဲတွင် NSO ၏ ညွှန်ကြားရေးမှူး Nguyen Thi Huong က က ၉ လတာ ကာလ GDP တိုးချဲ့နိုင်မှုသည် ၂၀၁၁-၂၀၂၅ ကာလအတွင်း ဒုတိယအမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် တူညီသည့်ကာလကကြီးထွားခဲ့သည့် ၉.၄၄ ရာခိုင်နှုန်းနောက်တွင်ရပ်တည်နေကြောင်း ပြောကြား ခဲ့ပါသည်။ အဓိကအင်အားကြီးနိုင်ငံများကြား ဗျူဟာပြိုင်ဆိုင်မှုပြင်းထန်နေသော်လည်း နိုင်ငံ သည် စီးပွားရေးစွမ်းဆောင်ရည်ကောင်းကိုပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း Huong ကပြောကြားခဲ့ပါ သည်။ မုန်တိုင်းနှင့် ရေလွှမ်းမိုးမှုများရှိခဲ့သော်လည်း စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်း ကဏ္ဍသည် ဆက်လက်တည်ငြိမ်နေပြီး ကဏ္ဍအတွင်း သီးနှံထုတ်လုပ်မှုသည် ၃.၄၆ ရာခိုင်နှုန်း၊ သစ်တောကဏ္ဍက ၆.၄၆ ရာခိုင်နှုန်းနှင့် ငါးလုပ်ငန်းကဏ္ဍက ၄.၄၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးမှာ အကြီးကကြီးထွားမှုမောင်းနှင်အားများ ဖြစ်ကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းက ၈.၅၅ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းက ၉.၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံတော်အားလပ်ရက်များအတွင်း ခရီးသွား ကဏ္ဍ၊ လက်လီဝယ်လိုအားနှင့် ပြည်တွင်းစားသုံးမှုမြင့်တက်ခြင်း၏ ပံ့ပိုးမှုကြောင့် ဝန်ဆောင်မှု ကဏ္ဍသည်လည်း အောင်မြင်ခဲ့ကြောင်း သိရပါသည်။ ကဏ္ဍသည် ၈.၄၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ၁၁.၃၇ ရာခိုင်နှုန်းနောက် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။ လက်ကားနှင့် လက်လီရောင်းချမှုကဏ္ဍမှာ ၈.၂၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရုံ ကဏ္ဍက ၁၀.၆၈ ရာခိုင်နှုန်း၊ ဘဏ်နှင့် အာမခံလုပ်ငန်းကဏ္ဍက ၇.၀၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း သိရပါသည်။ Huong က အောင်မြင်မှုရလဒ်များသည် အစိုးရအဖွဲ့အစည်းနှင့် ဥပဒေ မူဘောင်များ ပြန်လည်ဖွဲ့စည်းမှုနှင့် တတိယ ၃ လပတ်ကာလတွင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှုတို့ကြောင့်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
