တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

          တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၅၀)ကျပ်၊ 95 Octance(၃၁၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၀၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

        စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၆.၉.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာ လျှင် 92 Octanceတွင် (၃၀)ကျပ်၊ 95 Octance တွင်(၁၀)ကျပ်နှင့် ရိုးရိုးဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)