ပုသိမ်မြို့နယ်အတွင်း သကြားစျေးနှုန်း

Powered by Drupal

            သကြားသည် နေ့စဉ်စားသောက်ကုန်ပစ္စည်းများတွင် အဓိကလိုအပ်သော ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ပဲသွားရေးများ၊ ဟင်းလျာများ ချက်ပြုတ်ရာတွင်ပါ မရှိမဖြစ် အသုံးပြုလေ့ရှိကြပါသည်။ သို့ရာတွင် ကျန်းမာရေးအား အထူးဂရုပြုရန်လိုအပ်ပြီး လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ဆီးချိုနှင့် အဝလွန်ရောဂါများ ဖြစ်ပွားနိုင်ခြေရှိသဖြင့် သင့်တင့်မျှတစွာ စားသုံးရန် အကြံပြုအပ်ပါသည်။

            ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများ၊ ရပ်ကွက်ဈေးများနှင့် ကုန်စုံဆိုင်ကြီးများတွင် ယခုလတ်တလော စျေးနှုန်းများကို စုံစမ်းရရှိချက်အရ သကြားတစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ (၄၅၀၀) ကျပ်အထိရှိနေကြောင်း သိရှိရပါသည်။ စျေးနှုန်းများသည် ကုန်ကျမှုစရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ရှိ ဝယ်လိုအား ရောင်းလိုအားအခြေအနေပေါ်မူတည်၍ အနည်းငယ်အမျှ ပြောင်းလဲမှုရှိနိုင်ပါကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)