
စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ(၅:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကုန်သည်ကြီးများအသင်းအစည်းအဝေးခန်းမ၌ စားအုန်းဆီ လက်လီအရောင်းဆိုင် (၂၅)ဆိုင် တို့အား စားအုန်းဆီ များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့်ရောင်းချစေရေး တွေ့ဆုံ ဆွေးနွေးပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် လက်လီ စားသုံးဆီအရောင်းဆိုင်များမှ စားသုံးသူပြည်သူများအား စားအုန်းဆီများကို စျေးနှုန်း သက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် စျေးနှုန်းများသတ်မှတ်ရည်ညွှန်းစျေးထက်ပိုမို မရောင်းချ စေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချစေ ရေး၊ ရရှိသည့်ဆီခွဲတမ်းများကို တိတိ ကျကျ မှန်မှန်ကန်ကန်ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ မသမာသောနည်းလမ်းများဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
