DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်  လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ (ချွန်ချွန်)မိခင်နှင့်ကလေး အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်နှင့် အမှတ်(၄)ရပ်ကွက်ရှိ (ဒီဇင်မေ)ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်တို့တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ် ဖော်စပ်စာအတုများရောင်းချမှု မရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအမှတ်တံဆိပ် ကုန်ပစ္စည်းအတုများ၏ အသေးစိတ်အချက်များကို လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကာ စားသုံးသူပြည်သူများ၏ ကျန်းမာရေး ကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့် ၎င်းပစ္စည်းအတုများ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးခြင်းများ  ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)