
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင် ပန်းတနော်မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၁.၉.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် အနောက်ပိုင်း ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ ကို DOCA, FDA, မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ အနောက်ပိုင်းရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ် လုပ်ငန်းများ တွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ် အခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှုအခြေအနေများကို မေးမြန်းခြင်း၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဖော်မလင်သုံးစွဲမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုချက် လိုင်စင်များကို ကြည်ရှုစစ်ဆေးခြင်း၊ မုန့်ဟင်းခါးဟို ထုတ်လုပ်ရာတွင် ရေစီးရေလာကောင်းမွန်ရေးနှင့် အနံ့ဆိုးထွက်ရှိမှုမရှိစေရေး၊ သန်းရှင်သပ်ရပ်စွာ ထုတ်လုပ်သော မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)