
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ဈေးရုံနှင့် ဈေးတန်းများတွင် ရောင်းချသည့် စားသောက်ကုန်များ၊ အချိုရေးနှင့် ရေသန့်အမျိးမျိုး နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့်ဝန်ထမ်းများ၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ စျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်း စားသောက်ကုန်ရောင်းချသည့် အရောင်းဆိုင်(၈)ဆိုင်၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ကုန်ခြောက်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအသောက်ကုန်သွယ်ရောင်းချသူများ လိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုးဆေးများရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)