တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးသို့  ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              (၂၂-၉-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) နှင့် ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ) ဝန်ထမ်း(၂)ဦးသည် တောင်ဥက္ကလာပမြို့နယ် ဈေးတာဝန်ခံဖြင့်ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးရှိကုန်စုံဆိုင်များတွင် ကုန်စည်များ အားရောင်းချလျက်ရှိ သော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေး နှုန်းများကောက်ခံခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံး သူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)