
စားသုံးသူရေးရာဦးစီးဌာနသည် ပညာရေးဦးစီးဌာန၊ ပညာရေးမှူးရုံးတွင် မိတ်ဖက်ဌာန ဆိုင်ရာများ ဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေး အဖွဲ့တို့နှင့်အတူ ပညာသင်ကာလအတွင်း ကျောင်းသား/ လူငယ်များကို သက်ဆိုင်ရာဌာနများ၏ လူငယ်အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျောင်းဟောပြောခြင်း လုပ်ငန်းများ ၊ ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းလုပ် ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားချက်ပြည်မီစွာ ဆောင်ရွက်နိုင်ရေး ၂၂-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောင်အသိပညာပေး ဟောပြောပွဲများကို လစဉ် လျာထားဆောင်ရွက်လျက်ရှိပြီး အခြေခံကျောင်းများ လူငယ်အသိပညာပေး ဆောင်ရွက်ရာတွင် လိုက်ပါ ဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ လစဉ် ဌာန၏ လျာထား ချက်ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိတ်ဖက်ဌာနများကလည်း လစဉ် ဟောပြောပွဲ ပြုလုပ်မည့် ကျောင်းအစီအစဉ်များနှင့် ရေးဆွဲ၍ စီစဉ်ဆောင်ရွက်မှုများကို ဌာနများ ပူးပေါင်း ဆောင်ရွက်မည့် သတ်မှတ်ရက်များကို အခြေခံကျောင်းများဖြင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)