
ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၉.၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) အချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးသို့ သွားရောက်၍ စားအုန်းဆီ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား မှန်(၆) မှန်ဖြင့် ဖြန့်ဖြူးရန်၊ စားအုန်းဆီများဖြန့်ဖြူးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာ ဖြန့်ဖြူးရန်နှင့် လက်ကား ကိုယ်စားလှယ်များ လိုက်နာရမည့် တာဝန်သတ်မှတ်ချက်များအား တွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)