
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် သက်ဆိုင်ရာမိတ် ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ တို့နှင့်ပူးပေါင်း၍ (၂၂-၉-၂၀၂၅)ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် (၉)ရပ်ကွက် ရှိ လက်ကီးစတိုးဆိုင်တွင် ရောင်းချနေသော သင့်အစားအစာခေါက်ဆွဲခြောက်နှင့် အသင့်စား ဗူးသွပ် ဟင်းလျာအမျိုးမျိုး တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်ချိုမီဇင် (စစ်ဆေးရေးအရာရှိ)က ကုန်စုံဆိုင်များ၌ရောင်းချနေသော သင့်အစားအစာခေါက်ဆွဲခြောက်အမျိုးမျိုး၊ ပဲကြက်မှုန်၊ ကြာဆံထုတ် အများစုမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိကို စစ်ဆေးခြင်း၊ တရား မဝင်ကုန်စည်များရောင်းချရောင်းချနေမှု မရှိစေရန် ပြောကြားခြင်း၊ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်စားသောက်ကုန်ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြ ရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက် ကြရန် ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုကြရန်နှင့် တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)
