Triple Circle Industry Co;Ltd ၏လျှပ်စစ်ဝါယာကြိုးအမျိုးမျိုးထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅)ဦး တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀:၃၀နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ဦးပိုင်အမှတ် (ခ-၉) (င-၁၀) အကွက်အမှတ် (၇၈၄)၊ လင်းမလိုရွှေကူလမ်း၊ ပတ္တမြားစက်မှုဇုန်တွင် တည်ရှိသည့်Triple Circle Industry Co;Ltd ၏ လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများနှင့်  စပ်လျဥ်း၍ မြေပြင်တွင်အမှန် တကယ် စက်ရုံရှိ/မရှိနှင့် စက်ရုံ၏ထုတ်လုပ်နိုင်မှု အမျိုးအစား၊ ထုတ်လုပ်နိုင်မှု အရေအတွက်၊ ထုတ်လုပ်နိုင်မှုအရည်အသွေး စသည့်အခြေအနေများကို စိစစ်၍မြေပြင်ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအား မြေပြင်ကွင်းဆင်း၍ လေ့လာမေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)