ထားဝယ်မြို့ရှိကြောင်လျှာသီးစျေးနှုန်း

Powered by Drupal

     မြန်မာလူမျိုးများသည် ကြောင်လျှာသီးကို စားချင်စဖွယ်ဟင်းလျာတစ်ခွက်ဖြစ်အောင် ချက်ပြုတ် စားသောက်ကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီအတွက် ရာသီစာအသီး တစ်မျိုးဖြစ်ပြီး ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်ပေါ်လေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ ပူအိုက်စိုစွတ်သောဒေသများတွင် ကြောင်လျှာသီးကို အဓိကစိုက်ပျိုးကြပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြပါသည်။

    ထားဝယ်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကြောင်လျှာသီးစိုက်ပျိုးမှု အနည်းငယ်ရှိသော်လည်း စီးပွားဖြစ်စိုက်ပျိုးမှုထက် မိသားစုစားသုံးရန်အတွက် အိမ်ခြံဝန်းအတွင်း စိုက်ပျိုးသည့် ပုံစံမျိုးသာ ရှိပါသည်။  ကြောင်လျှာသီး အတောင့်သေး တစ်တောင့်လျှင် ၁၅၀၀ကျပ်၊ အတောင့် ကြီးတစ်တောင့်လျှင် ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)