မြိတ်မြို့စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုရှိ ရှမ်း‌ချောင်း ကုန်စိမ်း ဈေးနှင့် ဆိပ်ငယ်ရပ်ရှိစည်ပင်သာယာဈေးကြီးတွင် မိုးရာသီထွက် စားဖိုဆောင်အသီးနှံများထဲမှ တစ်ခု ဖြစ်သော ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး (ဒေသအခေါ် မြွေသီး)များသည် ဈေးကွက်အတွင်းဝင်ရောက် လျက်ရှိပါသည်။ မြိတ်မြို့နယ်ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကလွင်ကျေးရွာအုပ်စု၊ စန္ဒဝတ် ကျေးရွာအုပ်စုနှင့် အင်္ဂမော်ကျေးရွာအုပ်စု စသည့်ကျေးရွာများမှထွက်ရှိသော ပဲလင်းမြွေသီး(ခေါ်)ဗုံ လုံသီးများသည် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပဲလင်းမြွေသီး (ခေါ်)ဗုံလုံ သီးများကိုထွက်ရှိသည့်ပမာဏအခြေအနေအပေါ်မူတည်၍ ဈေးနှုန်းဈေးကွက်အနည်းငယ်အပြောင်း အလဲရှိတက်ပြီး ဝါတွင်းကာလလည်းဖြစ်သောကြောင့် အရောင်းအဝယ်ကောင်းမွန်ပြီးဈေးနှုန်းလည်း ကောင်းလျက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး အသေးတစ်လုံးလျှင်(၁၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင်(၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု စက်တင်ဘာလ တတိယပတ်တွင် အသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အကြီးတစ်လုံးလျှင်(၂၅၀၀)ဖြင့် အရောင်းအဝယ်ဖြင့်နေပြီး ဈေးကွက်တွင် ဈေးနှုန်းနှိုင်းယှဉ်ချက် အရ ယခု (တတိယပတ်)တွင် (၅၀၀) ကျပ်ဈေးနှုန်း မြှင့်တင့်ခဲ့ကြောင်း သိရပါသည်။ ဒေသထွက် စားဖိုဆောင်သီးနှံများ ဈေးကွက်အတွင်း သက်သာသောဈေးနှုန်းများဖြင့် ပေါများစွာရရှိနေခြင်းကြောင့် ဝယ်ယူစားသုံးသူများသည် စိတ်ကြိုက် ရွေးချယ်ဝယ်ယူစားသုံးနိုင်သလို စိုက်ပျိုးသည့် တောင်သူများအတွက်လည်း ပုံမှန်ဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)