တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီ/ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မြိတ်မြို့ဆိပ်ငယ်ဈေးကြီး၊စမ်းချောင်းကုန်စိမ်းနှင့် အခြားသောဈေးများတွင် နေ့စဉ်အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် စားဖိုချောင်သုံး အစား အစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုးဖြစ်ကြပါသည်။ ကြက်သွန်နီနှင့်ကြက်သွန်ဖြူကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါ သည်။ မြိတ်မြို့ဈေးကွက်အတွင်း မန္တလေး၊ မိထ္ထီလာ၊ သာစည်၊ ညောင်ရွေနှင့် ရန်ကုန်မြို့များမှ အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဒေသအတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ရောင်းဝယ် လျက်ရှိသည့် စားဖိုဆောင်သီးနှံများဖြစ်ပါသည်။

   ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ၊ စတုတ္ထပတ်အတွင်း မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက် သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊  ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်နှင့် ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ကြက်သွန် နီစျေးနှုန်းမှာ ယခုအပတ်အတွင်း စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)