ထားဝယ်မြို့စက်သုံးဆီစျေးနှုန်း

Powered by Drupal

     ထားဝယ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့် လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၈-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၆၀)ကျပ်၊ 95 Octance(၃၁၃၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၁၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၀၅)ကျပ် ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၃၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)