
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်နေ့ ၊ ၁၄း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များ ဆေးစျေးနှုန်း အခြေအနေများ၊ လက်ကျန်အခြေအနေများနှင့်စပ်လျဥ်း၍ စုံစမ်းမေးမြန်းခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးစျေးနှုန်းအခြေအနေများ၊ စျေးကွက်အခြေအနေများ၊ ဆေးဝါး ပြတ်လတ်မှုများ ရှိ/မရှိ နှင့် လက်ကျန်အခြေအနေများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါး ရောင်းချမှုလိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)