HIGH WAY စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)သည် (၁၅-၉-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် HIGH WAY မင်္ဂလာတောင်ညွန့်မြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင် များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင်  တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှု အခြေအနေများ၊ စက်သုံးဆီဈေးနှုန်း(92-၂၉၂၅ ကျပ်)၊ (95-၂၉၉၅ ကျပ်)၊ (HSD-၂၅၇၅ကျပ်)၊ (PHSD-၃၁၇၅ကျပ်) ၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက် ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)