မအူပင်မြို့နယ် ရေလဲ ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦ ရေလဲကျေးရွာရှိ စက်သုံးဆီများရောင်းချနေသော ဆီဆိုင်များအား ၁၉-၉-၂၀၂၅  နံနက် ၈ နာရီကတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

   ထို့သို့ စစ်ဆေးရာတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊  မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မအူပင်၊ ရေလဲကျေးရွာ တွင် ရောင်းချသော စက်သုံးဆီဆိုင် ၄ဆိုင်တို့တွင် စက်သုံးဆီရောင်းဝယ်မှုနှင့် ပတ်သတ်၍ မေးမြန်းခြင်း၊ စက်သုံးဆီ အရည်အသွေးပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် အချိန်တွယ်ပြည့်မပြည့် စစ်ဆေးခြင်း၊ ဆီနမူနာများ ရယူစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုရှိ မရှိ၊ စက်သုံးဆီများအား ရောင်းဝယ်ရာတွင် စနစ်တကျ ဆီသိုလှောင် ကန်ထားမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)