
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမတွင် ၁၈-၉-၂၀၂၅ ရက်နေ့ နေ့လယ် ၃နာရီအချိန်က မအူပင်မြို့နယ်အတွင်း အွန်လိုင်း ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ပြီးစီးပြီး ဖြစ်သော အလှကုန်အမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ အထည်အလိပ်ရောင်းချသူများ၊ ဖက်ရှင်အမျိုးမျိုးရောင်းချသူ (၁၂)ဦးအား တွေ့ဆုံ၍ အွန်လိုင်းလုပ်ငန်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လုပ်ငန်းရှင်များကို မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများ နှစ်နှစ်ပြည့်မီပါက ထပ်မံသက်တမ်းတိုး ဆောင်ရွက်ခြင်း လုပ်ငန်းကို လုပ်ငန်းရှင်ဘက်မှကိုယ်တိုင် သက်တမ်းတိုးခြင်း လုပ်ငန်းကို မဖြစ်မနေဆက် လက်ဆောင်ရွက်သွားကိုလည်း၊ အွန်လိုင်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ အမိန့်ကြေငြချက်ဖြစ်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ်မိန့် (၅၀/၂၀၂၃) ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်ဆိုင်ရာအမိန့်(၅၁/၂၀၂၃)၊ အခွင့်အာဏာ အပ်နှင်းခြင်းအမိန့် (၄၉/၂၀၂၃) ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ ယခုနောက်ပိုင်းတွင် မှတ်ပုံတင်လျောက်ထားခြင်းကို လုပ်ငန်းရှင် ကိုယ်တိုင်က ၎င်း၏ ဖုန်းဖြင့်သာ မှတ်ပုံတင်ရမည်ဖြစ်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်ဖြစ်၍ စားသုံးသူကာ ကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကိုလည်းကောင်း ရှင်းလင်းခြင်း၊ အွန်လိုင်းတွင် ငွေကြေးလိမ်လည်ဆောင်ရွက်မှု လုပ်ငန်းဖြစ်စဉ်များအကြောင်း ကို အသိပညာပေးရှင်း လင်းခြင်း၊ မိမိတို့ခရိုင်အတွင်း အွန်လိုင်းလိမ်လည်မှု များ မရှိစေရေး မှန်ကန်စွာ ရောင်းချပေးနိုင်ရန်နှင့် အွန်လိုင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဖွဲ့ဖြိုးတိုးတက်စေရေး အသင်းအဖွဲ့၊ အစူအဖွဲ ဖွဲ့စည်းနိုင်ရေးကိုပါ အသိပညာပေး ဟောပြောခဲ့ကြောင်း လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းဆွေး နွေးခဲ့ကြပြီး ဟောပြောပွဲကို ၃နာရီအချိန်တွင် ပြီးဆုံးကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)