ရှောက်သီးနှင့်သံပုရာသီးအဝင်များစျေးကျ

Powered by Drupal

  မန္တလေးစျေးကွက်သို့  မိုးရာသီဖြစ်၍   မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှရှောက်သီး၊သံပုရာသီးနှင့်သံပုယိုသီးများ ဝင်ရောက်မှုများပြား လျက်ရှိကြောင်းသိရှိ ရပါသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသည့်စျေးနှုန်းများမှာ ၁၀လုံး လျှင် ရှောက်သီး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊သံပုရာသီး ၁၀၀၀ကျပ်နှင့် ၁၂၀၀ ကျပ်၊သံပုယိုသီး ၈၀၀ ကျပ်နှင့် ၉၀၀ကျပ်စျေးတို့ ဖြစ် ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်းသိရပါသည်။ မိုးရာသီအချိန်ဖြစ်၍ ရှောက်သီး၊ သံပုရာသီးနှင့် သံပုယိုသီးတို့မှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်လျော့ကျသွားကြောင်း ရေနီမြောင်းစျေးရှိကုန်စိမ်း ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။   

DOCA(မန္တလေး)