NNT (ရွှေင်္ဟာသာ)ဆီစက်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး)နှင့်ဒေါ်မြတ်မြတ်ထွေး(ဦးစီးမှူး) တို့သည် မန္တလေးတိုင်း ဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ၊ ပြည်ကြီးကျက်သရေရပ်ကွက်ရှိ NNT (ရွှေင်္ဟာသာ)ဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးခြင်း အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေ အနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)