ဓနစိန်တောင် မု့န်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဦးဝင်းထွန်းဦး၊ ဦးစီးမှူးသည်  ၁၉-၉-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊အမှတ်(၁၈)ရပ်ကွက်ရှိ ဓနစိန်တောင် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အချက်များအား အသိပညာပေး  ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)