“ စဉ့်ကိုင်မြို့နယ်ရှိ မင်းတံခွန်ဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

Powered by Drupal

   ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၈)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ စဉ့်ကိုင်မြို့နယ်ရှိ မင်းတံခွန်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါး များရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး အမျိုးမျိုးများအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ၊ ဆရာဝန်ညွှန်ကြားချက်မပါသော ပိုးသတ်ဆေး အမျိုးမျိုးတို့ကို ရောင်းချခြင်းမပြုရန် ၊ လုပ်ငန်းလိုင်စင် ရှိ/မရှိ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန် မသင့်သော ဆေးဝါးများရောင်းချမှုရှိ/မရှိ ၊ သောက်ဆေးအမျိုးမျိုး၊လိမ်းဆေးအမျိုးမျိုး၊ တိုင်းရင်းဆေး အမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် ၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ဘေးထွက်ဆိုးကျိုး ၊ကြိုတင်သတိပေး ချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာ ဖြင့်ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)