
မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိန်ပန်းမြိုင်(ရေလဲကလေး)တော်တလုပ်ကျေးရွာရှိ အိမ်ထောင်စု စာရင်းများအတိုင်း စားအုန်းဆီထုတ်ယူခွင့် စာအုပ်များရရှိနိုင်ရေး ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား အခြခံ အိမ်ထောင်စု စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ ပြည်သူများရရှိနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်၍ စနစ်တကျ ထုတ်ပေး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ဒုခရိုင်ဦးစီးမှူးသည် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဌာန၏ လမ်းညွှန်ချက်များအတိုင်း စားသုံးသူကျေးရွာနေပြည်သူများ ဆီစာအုပ်ဖြင့် စားအုန်းဆီ ဝယ်ယူရရှိနိုင်ရေးကို အခြေခံ အိမ်ထောင်စူ စရင်းများနှင့် တိုက်ဆိုင်စိစစ်၍ စနစ်တကျပေးအပ်ဆောင်ရွက်လျက်ရှိသည်၊ ပေးအပ်ပြီးကျေးရွာစာရင်မျာကို လည်း အသေးစိတ်စာရင်းများဖြင့် စာရင်းရေးသွင်းထားရှိကာ သတ်မှတ်ချက်များနှင့် အညီ ရောင်းချ သွားနိုင်ရေးကို ကျေးရွာနေပြည်သူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို ရှင်းလင်းပြီး လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်နိုင်ရန် စိန်ပန်းမြိုင်(ရေလဲကလေး)တော်တလုပ်ကျေးရွာရှိ အိမ်ထောင်စု ၂၂၈၈၊ လေးအိမ်စု ၁၂၄၇၊ လင်္ကျားကြီး ၃၃၂၄ ၊ ဝဲဒေါင့် ၃၀၃၊ သာယာကုန်း ၅၂၅၊ အဂါး ၉၅၄၊ ဆီစာအုပ်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)