
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၉.၉.၂၀၂၅) မှ (၁၅.၉.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက် မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၆၃၇၂) အိတ်၊ ပေါ်ဆန်းမွှေး (၁၆၁၂၃) အိတ်၊ ပေါ်ကျွဲ (၅၈၅၁) အိတ်၊ ဧည့်မထ (၃၇၈၄၇) အိတ်၊ ဆန်ကွဲ (၇၂၂၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၁၅၄၀) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၅၅၄၇) အိတ်၊ ငစိန် (၃၅၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၄၉၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)