
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ခရိုင်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များသည် ၁၇-၉-၂၀၂၅ ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် မအူပင်ခရိုင် အထွေထွအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ရုံးချုပ်နေပြည်တော်မှ ဦးဆောင်ကျင်းပသော ခရိုင်စားသုံးသူရေးရာ ကော်မတီများနှင့် ဆွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရုံးချုပ်နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွ၍့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာကော်မတီ လုပ်ငန်းများ သက်ဝင်လှုပ်ရှားရန်လိုအပ်ကြောင်း စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို ဥပဒေဖြင့် ၂၀၁၉ ဥပဒေအသစ်ပြင်ဆင်ပြဌာန်း ဆောင်ရွက်လာခဲ့သည်မှာ ယန့အချိန်ထိ ဖြစ်ကြောင်း၊ ပြည်သူများနှင့် ပူးပေါင်း၍ ၁၀နှစ်တာကာလအတွင်း လှုပ်ရှားဆောင်ရွက်မှုများ ထိရောက်အောင်ဆောင်ရွက် လာနိုင်ခဲ့ကြောင်း၊ ကော်မတီများကို အမြန့်ဆုံးဖွဲ့စည်းဆောင်ရွက်ပြီး ကော်မတီအစည်းအဝေးများကို ၃လ တစ်ကြိမ်ကျင်းပဆောင်ရွက်နိုင်ရေး မှာကြားပြီး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ ပြန်လည်ထားရှိ လက်ခံဆောင်ရွက်နိုင်ရန် အာစီယံနိုင်ငံများမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ သိရှိနိုင်ရန် ယခုလို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း မှာကြားပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်မှ စားသုံးသူကာကွယ်ရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာ ဦးမျိုးထိုက်က အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) အဓိကလုပ်ငန်း စဉ် ၅ရပ် ကို ရေးဆွဲ ဆေင်ရါက်မှု အခြေအနေများကို ရှင်းလင်းခြ်း၊ ကုန်စည်များ အတုထုတ်လုပ်ပါက ဥပဒေအရ ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်အောင် ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ရှင်းလင်းခဲ့သည်။ အစည်းအဝေး နိဂုံးချုပ်အမှာစကားကို ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ပြောကြားရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို အဓိက ဒေါက်တိုင် ဖြစ်သည့် ၃ခုရှိပြီး အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်ကြားမှုကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ရန်တို့ကို ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများက စုပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းဖြစ်၍ လှုပ်ရှားမှုဆောင်ရွက်ရန်ကို မှာကြားခဲ့ပြီး အစည်းအဝေးကို ညနေ ၁၆၃၀ အချိန်တွင်ရှုပ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)