
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ စားအုန်းဆီကိုယ်စားလှယ်များအား စားအုန်းဆီဖြန့်ဖြူးမှု အခြေအနေအား စက်တင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန် ထမ်းများ၊ မြန်မာနိုင်ငံဆီကုန်သည်များအသင်း(EC) ဦးကျော်ဇင်သင်း၊ ကော့မှူးမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စားအုန်းဆီကိုယ်စားလှယ် ဦးဇော် လတ်စိုးမှ ပိန္နဲကုန်းကျေးရွာ လက်လီကိုယ်စားလှယ် ဒေါ်ဥမ္မာမျိုးနှင့် မြို့နယ် စားအုန်းဆီကိုယ်စား လှယ် ဦးသိန်းထွဋ်(ခ) ဦးကိုလေးမှ တောင်ပိုင်းရပ်ကွက် လက်လီကိုယ်စားလှယ် ဦးမျိုးငြိမ်းဦး တို့၏ စားအုန်းဆီဖြန့်ဖြူးသည့် ပေပါ၊ အရေအတွက်၊ ဖြန့်ဖြူးနေသည့် အိမ်ထောင်စု အရေ အတွက်၊ အိမ်ထောင်စုဝင် လူဦးရေ၊ တစ်လရရှိမှု ပိဿာတို့အား ရပ်ကွက်/ကျေးရွာအုပ်စုများ အရောက် တစ်အိမ်ဝင် တစ်အိမ်ထွက် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)