
စားသုံးသူရေးရာဦးစီးဌာနပိုင် တိုင်းဒေသကြီး/ပြည်နယ်များရှိ သိုလှောင်ရုံများနှင့် ပတ်သက်၍ ပြင်ဆင်ရမည့် အခြေအနေနှင့် ဝင့်ဆံအင်အား တို့ကို ပြင်ဆင်ဆောင်ရွက်နိုင်ရေး အထက်ဌာန၏ လမ်းညွှန်ခက် ညွှန်ကြားချက်များအရ မြေပြင်အခြေအနေများကို မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးကြည်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
မအူပင်ခရိုင်အတွင်း ၄ မြို့နယ်မှ သိုလှောင်ရုံများ၏ လက်ရှိအခြေအနေများကို ပြင်ဆင်ဆောင်ရွက်နိုင်ရန် ၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မအူပင်မြို့နယ် အနေဖြင့် ထုတ်ပိုသိုရုံ၊ စက်ပစ္စည်းိုရုံ ကောင်း၊ သင့်၊ ညံ့။ အမိုးအကာအခင်း၊ အလျားအနံအမြင့် ဝင်ဆံအင်အား၊ အသုံးပြုမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ အလားတူ ညောင်တုန်းမြို့နယ် မြဲ၁-မြဲ၂၊ ဓနုဖြူမြိုနယ် မြဲ၂၊ မြဲ၃၊ မြဲ၄ သိုလှောင်ရုံများ၏ လက်ရှိ မြေပြင်အခြေအနေများကို တိုင်းတာကြည်ရှုစစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)