
MITS, MRF, DOCA & DOTအဖွဲ့ များသည် ၁၈.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က မိုင်တိုင်အမှတ် (၁၉-၃၂ မှ ၁၉-၅) အကြား၊ရန်ကုန်ပုသိမ်လမ်းမကြီး၊အရွဲကျေးရွာ၊ညောင်တုန်းမြို့နယ် ရှိ Shwe Myanmar strength Trading Co.,Ltd ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ပို့ကုန်လိုင်စင် ဝင်ရောက်ရန် လျောက်ထားသော မြေပြင်အချက်အအလက်များနှင့် ကိုက်ညီမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စက်တင်ဘာလ ပို့ကုန်လိုင်စင် ဝင်ရောက်ကျန်ရှိသော Shwe Myanmar strength Trading Co.,Ltd အား စစ်ဆေးရေးအဖွဲ့မှ လျှောက်ထားချက် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှု ရှိမရှိ၊ Parboiled Rice Reject (Grade 2) (Industrial Use) 130MT ဆန်/ဆန်ကွဲ အရည်အသွေးများကို ကြည်ရှု စစ်ဆေးခြင်း၊ သိုလှောင်ရုံတည်နေရာ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ ဆန်ကွဲသိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ သိုလှောင်ရုံလိုင်စင်များကို ကြည်ရှုစစ်ဆေးခြင်း၊ ဆန်စပါးသိုလှောင်ရုံကို ပိုင်ဆိုင်သူများအနေဖြင့် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်အညီ အလေးအနက်ထား လိုက်နာဆောင်ရွက်စေ ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)