ညောင်တုန်းမြို့နယ် နတ်ပေး လက်ပန်ချောင် မူလတန်းကျောင်း မုန့်ဈေးတန်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ နတ်ပေး လက်ပန်ချောင်‌ကျေးရွာရှိ မူလတန်း‌ကျောင်းတွင်   မြို့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ၁၆-၉-၂၀၂၅ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

   စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ကလေးသူငယ်များကို  ရောင်းချပေးနေသည့် အစားအ သောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန် မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ဆိုးဆေး သုံးစွဲထားသော မုန့်များကိုစစ်ဆေးပြီး ဖျက်ဆီးခြင်းနှင့် နောင်တွင် ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ် အသားပါဝင်သော မုန့်များကို ဦးစားပေးရောင်းချရန်၊ မုန့်ဈေးတန်းပတ်ဝန်း ကျင်သာယာသန့်ရှင်းရေး၊ မြန်မာမုန့်ရောင်းချသူများ ယင်မနားစေရန်နှင့် လက်အိတ်များဖြင့်ကိုင်၍ ‌ရောင်းချပေး ရန်တို့ကို မုန့်ဆိုင် ၅ဆိုင်အား  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)