ပလပ်စတစ် သုံးစွဲမှု လျော့ချရေး ကမ်ပိန်း ပြည်သူများ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၊ စည်ပင်ဈေး၊ ရပ်ကွက်ဆေးများ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး ကွင်းဆင်းစစ် ဆေး ခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ၁၆-၉-၂၀၂၅ ရက်နေ့ နံနက်က ဓနုဖြူမြို့နယ်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

   အဆိုပါလုပ်ငန်းကို ဓနုဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့် ဈေးတာဝန်ခံဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ မြို့မဈေးတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဈေးလာရောက်ဝယ်ယူ သူများအနေဖြင့် ပလတ်စတစ်သုံးစွဲကို လျှော့ချသုံးစွဲရေးနှင့် ဈေးအတွင်း သန့်ရှင်းသာယာရေးအတွက် စွန့်ပစ်အမှိုက်သရိုက်များ အမှိုက်အမျိုးအစား များအလိုက် စနစ်တကျစွန့်ပစ်ရေး၊ ဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပလတ်စတစ်အစားထိုး စားသောက်ကုန်ထုတ်ပိုးနိုင်သည့်အင်ဖက်များကို လှည့်လည်ဖြန့်ဝေပေးပြီး ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှုကင်းစင် ပပျောက်ရေး တို့ကို အသိပညာပေး ခြင်းနှင့် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)