
အင်ဒိုနီးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Kadin) က ဝန်ဆောင်မှုကဏ္ဍသည် နှစ်ဆကျော်နှုန်းကြီးထွားရန်အလားအလာရှိသောကြောင့် စီးပွားရေး ကြီးထွားမှု၏ မောင်းနှင်အားအဖြစ် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Kadin ၏ နိုင်ငံခြားရေးရာညှိနှိုင်းဆွေးနွေးရေး ဒုတိယဥက္ကဌ James Riady ကအကယ်၍ ၎င်းတို့၏စီးပွား ရေးသည် ၅ ရာခိုင်နှုန်းကြီးထွားပါက ဝန်ဆောင်မှုကဏ္ဍသည် ၁၂ မှ ၁၃ ရာခိုင်နှုန်းထိ ကြီးထွားနိုင် ကြောင်း၊ လိုအပ်သည့်မတည်ငွေသည်လည်း သိသာစွာနည်းပါးသောကြောင့် ထိုအချက်ကို အဓိက အခွင့်အလမ်းအဖြစ် ရှာဖွေရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးမှု အပေါ် ယခင်ကစိုးရိမ်မှုများရှိနေသော်လည်း လတ်တလော အခြေအနေသည် ယခင်ခန့်မှန်းခဲ့ သည်ထက် ကြီးမားသော ယုံကြည်ချက်ကို ပေးစွမ်းနေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Riady က ဝန်ဆောင်မှုကဏ္ဍနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ GDP ခန့်မှန်းချက်များကို နှစ်ကြိမ်မြှင့်တင်ပြီးဖြစ်ပြီး မကြာသေးခင်ကပင် ၂.၈ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းထိ မြှင့်တင်ပြီးဖြစ်ကြောင်းနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများသည် ကြီးထွားလာသော ဝန်ဆောင်မှုအုပ်စုခွဲများထဲမှ တစ်ခုအဖြစ်ကြီးထွားလာသောကြောင့် AI တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီများအားတိုက်တွန်းခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်း မှာပင် အစိုးရသည် ဝန်ဆောင်မှုများပါဝင်သော ကဏ္ဍများတစ်လျှောက် ထုတ်လုပ်မှုတိုးမြှင့်ရန် အတွက် တက္ကသိုလ်များနှင့် ပညာရေးအသင်းအဖွဲ့များ၏ ပံ့ပိုးမှုဖြင့် စက်မှုဇုန်များအတွင်း ထုတ်လုပ်မှုစင်တာများတည်ထောင် ရန် ပြင်ဆင်နေကြောင်း သိရပါသည်။ ယခင်ကလည်း ကမ္ဘာလုံးဆိုင်ရာကု န်သွယ်ရေးစစ်ပွဲများနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများ ရှိနေသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးသည် စွမ်းဆောင်ရည် ဆက်လက်အားကောင်းနေပြီး ၅ ရာခိုင်နှုန်းအထက် ကြီးထွားလျှက်ရှိကြောင်း သမ္မတ Prabowo Subianto ကပြောကြား ခဲ့ပါသည်။ 2025 Annual Session of the MPR and Joint Session of the DPR-DPD တွင် သမ္မတ Prabowo က ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးပဋိပက္ခများ အကြားတွင် အင်ဒိုနီးရှား၏ စီးပွားရေးသည် ၅.၁၂ ရာခိုင်နှုန်းကြီးထွားရန် စွမ်းဆောင်နိုင်ပြီး ကျွမ်းကျင် သူများက ထိုအရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။
DOCA(ရန်ကုန်)