စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား သတ်မှတ်ချက်များနှင့် အညီရောင်းချ နိုင်ရေး ၁၆-၉-၂၀၂၅ရက်နေ့ နံနက် ၁၀နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန၊  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ဓနုဖြူမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်း၍ စားသုံးသူများ ကျသင့်ငွေ အဖိုးအခများကို ကြိုတင်သိရီနိုင်ရန် ကြေငြာထားခြင်း၊ ဝန်ဆောင်မှု အခွန်အခ ပါဝင်မှုကို သိရှိနိုင်ရန်ကြေငြာထားခြင်း၊ မှာယူသည်အချိန်အတွင်း အမြန်ဆုံး ဝန်ဆောင်မှုပေးနိုင်ရန်ကို ဆောင်ရွက်မှု ၇ှိမရှိ၊ စားသုံးသူ ပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေးနှင့် စာသောက်ဆိုင်အတွင်း အမှိုက်ပုံးများ ၄မျိုးခွဲခြား စွန်ပစ်မှု လုပ်ဆောင်ထားခြင်း ရှိမရှိကို အတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)