
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေးခြင်းလုပ်ငန်းကို ၁၇-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန် က မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ၀န်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ်အတွင်း၌ အစားအသောက်များရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ရက်လွန်အစားအစာများ ရောင်းချမှု ရှိ/မရှိ၊ သန့်ရှင်း လတ်ဆတ်မှုရှိ/မရှိ နှင့် စားသုံးသူ ဝန်ဆောင်ခ နှုန်းထားများကို ကြိုတင်ကြေငြာထားခြင်း ရှိမရှိ၊ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စျေးကွက်အတွင်း ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေး ရာဦးစီးဌာနမှ နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)