
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည် (၁၇.၉.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေး သော တောင်သူ(၁၅၀) ဦးအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
ဟောပြောရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁) အဓိပ္ပါယ် ဖွင့်ဆိုချက်များ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူလိုက်နာရမည့် တာဝန်(၄)ချက်၊ ဦးစီးဌာန၏ လုပ်ငန်းခွင်နှင့် လုပ်ငန်းတာဝန်များအကြောင်းတို့ အား ပြည်သူများသိရှိ၍ စားသုံးသူများနစ်နာမှုမရှိစေရန် ၊ နစ်နာမှု ရှိလာပါက Consumer Call Center 1535 သို့ ဆက်သွယ်မးမြန်း တိုင်ကြားနိုင်ကြောင်းကို စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)