အိန္ဒိယအစိုးရသည် ဥရောပသို့ ကုန်သွယ်မှုချောမွေ့စေရန် ရည်ရွယ်၍ ဆန်တင်ပို့မှု စည်း မျဉ်းများကို သိသိသာသာ ဖြေလျှော့ပေးခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန လက်အောက်ရှိ ပြညပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သော ဆန် နှစ်မျိုးလုံးအတွက် လက်ငင်းအကျိုးသက်ရောက်စေမည့် ပို့ကုန်မူဝါဒပြင်ဆင်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ပြန်လည်ပြင်ဆင်ထားသော စံနှုန်းများအရ အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပနိုင်ငံများ ဖြစ်သည့် ဗြိတိန်၊ အိုက်စလန်၊ လစ်ချန်စတိန်း၊ နော်ဝေးနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ ဆန်တင်ပို့သူ များအား ပို့ကုန်စစ်ဆေးရေးကောင်စီ သို့မဟုတ် ပို့ကုန်စစ်ဆေးရေးအေဂျင်စီမှ ထုတ်ပေးသည့် စစ်ဆေးရေးလက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း အခြားဥရောပ နိုင်ငံများ အတွက် မဖြစ်မနေ စစ်ဆေးရေးလက်မှတ် လိုအပ်ချက်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့အထိ ခြောက်လ ယာယီဆိုင်းငံ့ထားခဲ့ပါသည်။
ဤမူဝါဒပြောင်းလဲမှုသည် ITC (HS) Code 1006 ခေါင်းစဉ်အောက်ရှိ ဆန်အမျိုးအစား အားလုံး အကျုံးဝင်မှုရှိသည်။ မကြာသေးမီလများအတွင်း ဥရောပသို့ ဆန်တင်ပို့မှုအပေါ် သက် ရောက်မှုရှိခဲ့သည့် စစ်ဆေးရေးလက်မှတ်များ ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှောင့်နှေးမှုများ နှင့် ထောက်ပံ့ပို့ဆောင်ရေး အတားအဆီးများနှင့် ပတ်သက်၍ ပို့ကုန်လုပ်ငန်းရှင်များ၏ စိုးရိမ်မှု များကို ဖြေရှင်းပေးခြင်း ဖြစ်ပါသည်။ ဖြေလျှော့မှုသည် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ရိုးရှင်း လွယ်ကူစေရန်၊ ကုန်သွယ်မှုကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အစိုးရက ပြောကြားခဲ့သည်။
Source: SS Rice News, 6 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)