တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ နွေရာသီထွက်မုန့်လက်ဆောင်း

Powered by Drupal

   တနင်္သာရီတိုင်း‌ဒေသကြီးတွင် မြန်မာ့ရိုးရာနွေရာသီအစားအစာ တစ်မျိုးဖြစ်သည့် မုန့် လက်ဆောင်းများကို ဈေးကြီးများနှင့် အခြားသောနေရာအနှံ့အပြားများတွင် ရောင်းချနေကြောင်း သိ ရှိရပါသည်။ မုန့်လက်ဆောင်းသည် လူကြိုက်များသော အစားအစာတစ်မျိုးလည်းဖြစ်သည်။ မုန့် လက်ဆောင်းများကို သရေစာအဖြစ် အိမ်များတွင်လည်း လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။ မြိတ်မြို့ပေါ်တွင် မုန့်လက်ဆောင်းများကို ငစိန်ဆန်ဟောင်းများ၊ ကွမ်းရွက်မွှေး၊ထုံးရည်ကြည်များ ဖြင့် ပြုလုပ်ကြကြောင်း မုန့်လက်ဆောင်းရောင်းချသူများထံမှသိရှိရပါသည်။ ငစိန်ဆန်လေးပြည် လျှင် အုန်းသီးအလုံး(၂၀)လုံးနှင့် ပြုလုပ်ကြကြောင်းလည်း မုန့်လက်ဆောင်းရောင်းချနေသူများထံ မှ သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်တွင် စက်တင်ဘာလများတွင် မြိတ်မြို့ပေါ်ရှိဈေးများနှင့် အခြားသောဈေးများ တွင် မုန့်လက်ဆောင်းတစ်ခွက်လျှင် (၁၀၀၀)ကျပ်နှင့် ပေါင်မုန့်ပါတစ်ခွက်လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)