
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၅၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၂၀၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုးလျှင်(၃)စီး တို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင်(၂၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ် နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၂၀၀) ဖိုးလျှင်(၃)စီး တို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား(၁) ပိဿာလျှင်(၂၂၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်ထက် ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)