မျှစ်ခြောက် လှိုင်လှိုင်ဝင်‌ရောက်၍ အရောင်းသွက်နေ

Powered by Drupal

        ရွှေဘိုမြို့တွင် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ဒေသထွက် မျှစ်ခြောက်များအပြင် ကန့်ဘလူမြို့၊ ကောလင်းမြို့များမှမျှစ်ခြောက်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာပြီး၊ ယခု စက်တင်ဘာလ ဒုတိယပတ်တွင် မျှစ်ခြောက်များ လှိုင်လှိုင်ဝင်ရောက်လာကာ လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်၊လက္ကား တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်  အရောင်းသွက်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးရှိ ဒေသထွက် စားသောက်ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။

          မျှစ်ခြောက်သည် နုနယ်ပြီး နှစ်ပေါက် အထားခံသည့် စားသောက်ကုန်ဖြစ်သဖြင့် ကုန်သည်လှောင်လက်များပြီး၊ ဝင်ရောက်လာသော မျှစ်ခြောက်များကို   မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့  တင်ပို့ရောင်းချသည့်အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးများမှတစ်ဆင့် ပြန်လည်၍ ဖောက်သည်ဝယ်ယူရောင်းချကြသူများ၊ စားသောက်ဆိုင်များမှ ဝယ်ယူသူများဖြင့်  ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)