
ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လယ် (၁၄း၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၅ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ကသာမြို့မှ မှာယူရောင်းချသည့် မြစ်ငါးဖမ်းမ(ခေါ်) ငါးဖမ်းဝိုင်း ငါးများ စတင်ဝင်ရောက်လာပြီး ငါးဖမ်းမ အချို တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ ငါးဖမ်းမ ဆားတစ်ညသိပ် အငံ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ဝင်ရောက်လာသော ငါးဖမ်းမများကို ဈေးအတွင်းရှိ လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ် စားသုံးသူများသို့ လက်လီ/ လက္ကားရောင်းချလျက်ရှိကြောင်း အောင်ဇေယျဈေးအတွင်းရှိ အသား/ ငါးဒိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)