ဘားအံမြို့ရှိ ဈေးကောင်းနေသော သံပရာသီး

Powered by Drupal

 ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ရာသီပေါ်သံပရာသီးများဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ သံပရာသီးကို ဘားမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော သံပရာသီးများမှာ ဘားအံမြို့အနီးရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင် ရေးမြို့တို့ဘက်မှဖြစ်သည်။ မြန်မာ သံပရာသီးအိတ်ကြီး တစ်အိတ်လျှင် (၂၅၀၀၀၀) ကျပ် ဖြစ်ပြီး တစ်အိတ်တွင်အလုံးရေ ၁၆၀၀ မှ ၁၇၀၀ ထိပါရှိသည်။ သံပရာသီး အလုံးချော (အကြီး) တစ်လုံးလျှင် (၃၀၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၂၀၀) ကျပ် နှင့် ယိုးဒယာ မျိုးစပ်သံပရာသီး သံပရာသီးအလုံး ချော(အကြီး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၂၀၀)ကျပ်၊ သံပရာသီးအလုံး ချော(ငယ်)တစ်လုံးလျှင် (၁၅၀ ကျပ် ၇လုံး ၁၀၀၀ကျပ်) တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင့်  စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရ၍တွက်ချေကိုက် လျက်ရှိကြောင်း၊ သံပရာသီး၊ ရှောက်သီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(ကရင်)