
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၉၃၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၇၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၂၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ တောင်သာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၁၀၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၆၀၀ ၊ အကြီးမှာ ကျပ် ၂၀၀၀၊ ရှယ်မှာ ကျပ် ၂၀၀၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။
ယခုတစ်ပတ်တွင် ဆိပ်ဖြူကြက်သွန်နီမှာ ယခင်တစ်ပတ်အတိုင်းဈေးတူညီနေပြီး မြင်းခြံ ကြက်သွန်နီမှာ ဈေးအနည်းငယ်တက်လျက်ရှိပြီး မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)