ညောင်တုန်းမြို့နယ် ပဲနှမ်းလုပ်ငန်းရှင်များအား အသိပညာပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ညောင်တုန်းမြို့နယ် ပဲနှမ်းလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင် ၇ဦးနှင့် တွေ့ဆုံ၍ ၁၀-၉-၂၀၂၅ ရက်နေ့ အသင်းအဖွဲ့အသစ်ဖွဲ့စည်းနိုင်ရေး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

      တွေ့ဆုံဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ပဲနှမ်းလုပ်ငန်းင်များကို ဒေသတွင်း ပဲနှမ်း စိုက်ပျိုးရေးလုပ်ငန်းသည် အဓိကလုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် ပဲ၊ နှမ်းဟာ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့တောင်သူတွေကနေ နောက်ဆုံး ပို့ကုန်လုပ်ငန်းရှင်တွေ အထိ နိုင်ငံခြားဝင်ငွေရှာပေးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ၊ လုပ်ငန်းပမာဏကြီးမားတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းကြီးတစ်ခုလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ကိုင်နိုင်ဖို့အတွက် အသင်းအဖွဲ့ကြီးက မရှိမဖြစ်လိုအပ်တယ်ကြောင်း၊ အသင်းအဖွဲ့များ ရျင်သန်းအားကောင်းစေရေး လိုအပ်ကြောင်း၊ ပဲ၊ ပြောင်း၊ နှမ်းနဲ့ပတ်သက်ရင်တော့ ပဲကို နိုင်ငံခြားတင်ပို့တဲ့အခါမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းဆိုတဲ့ ပဲသုံးမျိုးကို အရေအတွက်များများနဲ့ အဓိက တင်ပို့ကြောင်း၊ ပဲကိုဆောင်းသီးနှံအနေနဲ့စိုက်ပျိုးပြီး ရာသီဥတုကောင်းမွန်တဲ့နှစ်မျိုးဆိုရင် စပါးစိုက်တဲ့ စိုက်ဧကရဲ့ သုံးပုံနှစ်ပုံလောက် စိုက်ပျိုးကြပြီး စပါးပြီးမှ စိုက်တာဖြစ်တဲ့အတွက် စိုက်ဧကကို အပြောင်းအလဲ တစ်နှစ်နှစ် တစ်နှစ်မတူညီနိုင်ကြောင်းကို ဆွေးနွေးပြီး အသင်းအဖွဲ့အနေဖြင့် ၂၀၂၅ခုနှစ် စက်တင်ဘာလက ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းများ အသစ်ဖွဲ့စည်းပြီး၊ ဆန်ကုန်သည်များ အသင်းကိုလည်း အသစ်ဖွဲ့စည်းပြီးကြောင်း ၊ ဒေသထွက်ကုန် ပဲနှမ်းလုပ်ငန်းဈေးကွက်ရရှိရေး၊ လုပ်ငန်း အောင်မြင်နိုင်ရေး အသင်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းနိုင်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူပဲနှမ်း လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)