ရေတာရှည်မြို့နယ်တွင် တောင်သူများအား ဆီထွက်ပဲပုပ်စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဆီထွက်ပဲပုပ်စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ဩဂုတ်လ ၂၁ရက်နေ့ မွန်းလွဲပိုင်းက ဆပ်သေကျေးရွာရှိ ငြိမ်းချမ်းရေးဘုန်းတော်ကြီးကျောင်းတွင် တောင်သူများအား ဆီထွက်ပဲပုပ်စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါဆွေးနွေးပွဲတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ် မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ ဝင်များက တောင်သူများအား မျိုးကောင်း/ မျိုးသန့်များ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးမြေပြုပြင်သုံးစွဲခြင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းနှင့် သဘာဝ ပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲခြင်းများဖြင့် ရရှိလာသည့် ကောင်းကျိုးများစသည့် ဒေသတွင်း ဆီဖူလုံမှုရရှိစေရန် ဆီထွက် ပဲပုပ်စိုက်ပျိုးနိုင်ရေးအတွက်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေးသိကောင်းစရာများကိုလည်းကောင်း အသ ပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)