
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုး ဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်းအငုတ်၊ သပြေပန်း အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှမှာယူ ရောင်းချကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ပိန်းပန်းနှင့် ပိန်းပန်းပင် ဈေးနှုန်းများမှာ နဂါးမောက်ပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ (၅)ပွင့်လျှင် (၂၂၀၀)ကျပ်၊ ယိုဒယား ပိန်းပန်း(၁)ပင်လျှင် (၁၅၀၀၀)ကျပ်၊ နဂါးမောက်ပိန်းပန်း(၁)ပင်လျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ပန်းသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)