
ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၅၄၀၀၀ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၄၃၀၀၀ ကျပ်နှင့် ၂၄၄၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၃၀၀၀ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ ကုလားပဲ (929) ၂၄၃၀၀၀ကျပ်နှင့်၂၄၄၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာကုလားပဲ(V-2) ၄၄၃၇ကျပ်နှင့် ၄၄၅၄ကျပ်၊ကုလားပဲ(V-7)၄၂၄၅ကျပ်နှင့်၄၂၆၂ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၁၄၂ကျပ်နှင့် ၄၂၃၁ကျပ်၊ ကုလားပဲ(929)၄၃၂၀ကျပ်နှင့်၄၃၃၈ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာကုလားပဲ (V-2) ၅၂၄၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၈၅၃ကျပ်နှင့် ၄၈၈၉ကျပ်၊ကုလားပဲ(929) ၄၉၇၈ ကျပ် စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)